Social Media အတွက် ပုံတွေ ဖန်တီးရတာဟာ Graphic Designer သမားတွေအဖို့ ခေါင်းခြောက်စရာပါ။ ကိုယ်ဖန်တီးလိုက်တဲ့ပုံကို ကြော်ငြာပေါင်းသောင်းခြောက်ထောင်ထဲမှာ ထူးထူးခြားခြားနဲ့ ရေပန်းစားအောင်လုပ်ဖို့ကလည်း Challenge တစ်ခုပါပဲ၊ ဒါကြောင့် ပုံဖန်တီးနေတာကို ပိုကောင်းအောင် ဘယ်လိုလုပ်သင့်လဲဆိုတဲ့ Tips လေးတွေကို မျှဝေပေးလိုက်ပါတယ်။
၁။ Audience နဲ့ ကိုက်ညီမယ့်ပုံတွေကိုပဲ တင်ပါ။
တကယ်လို့သင်ဟာ Travel Tours Page အတွက်လုပ်နေတယ်ဆိုရင် အသုံးပြုမယ့်ပုံတွေကို Virtual ပုံရိပ်ယောင်တွေထက် ရှူခင်းတွေနဲ့ အထင်ကရ နေရာတွေ၊ ကမ်းခြေပုံတွေကိုပဲ ဦးစားပေး အသုံးပြုသင့်ပါတယ်။
၂။ အချက်အလက်အကုန်လုံးကို ပစ်မသွင်းပါနဲ့။
940*877 Pixels ပဲရှိတဲ့ ပုံလေးထဲကို သင့်လုပ်ငန်းလိပ်စာ၊ ဖုန်းနံပါတ်၊ Email စတဲ့ အချက်တွေမထည့်ပါနဲ့။ သင့် ကြော်ငြာပုံက လှည်းတန်းမှာဝေတဲ့ Flyer နဲ့ အလားသဏ္ဍာန် တူသွားနိုင်လို့ပါ။ အဲ့ဒီအစား ကိုယ်ပေးချင်တဲ့ Message သို့မဟုတ် CTA ကို ပုံများများ စာနည်းနည်းနဲ့ လုပ်ပါ။
၃။ Eye-Catching ဖြစ်ပါစေ။
ဒီနေရာမှာ သင်နဲ့ သင့်ရဲ့ Graphic Designer ရဲ့ Creativity က စကားပြောလာပါပြီ။ Newsfeed ပွတ်နေရင်း အာရုံကိုဖမ်းစားနိုင်စေမယ့် ပုံလေးတွေကို ဖန်တီးကြည့်ပါ။
၄။ Mobile First ပါ။
မြန်မာနိုင်ငံတဝှမ်းမှာတော့ Smart Phone နဲ့ အင်တာနက်အသုံးပြုမှုက ပိုများပါတယ်။ ဒါကြောင့် သင်ဖန်တီးလိုက်တဲ့ ပုံဟာ Mobile Phone Screen မှာ အပြည့်ပေါ်ဖို့နဲ့၊ အနားတွေပြတ်မနေဖို့လိုပါတယ်။ Facebook Page Cover Photo ဟာ Mobile နဲ့ Desktop View ချင်းမတူလို့ နှစ်ခုလုံးမှာ သေချာမြင်စေရမယ့် ပုံမျိုးကိုဦးစားပေးပါ။ ဒါ့အပြင် Event Cover ဆို ဘယ် Size သုံးရမယ်၊ Instagram ဆို ဘယ် Size က အဆင်ပြေတယ်ဆိုတာမျိုးကိုပါ သိထားရပါမယ်။
၅။ ကိုယ်ပိုင်ပုံဖြစ်ပါစေ။
တစ်ခါလာလည်း Free ဂုံးဆင်းလို့ရတဲ့ Website ကပုံတွေ၊ တစ်ခါလာလည်း Canva.com ကပုံတွေဆိုရင် လူတွေငြီးငွေ့သွားမှာ အသေအချာပါ။ ဒါ့အပြင် Copyright ငြိလို့ ပြန်ဖြုတ်ပေးပါလို့ ပိုင်ရှင်က တောင်းဆိုလာခဲ့ရင်လည်း ရှက်စရာကောင်းပါတယ်။ အဲ့လိုအသင့်ပုံတွေကို ယူသုံးမယ့်အစား ကိုယ်ပိုင် ဖန်တီးထားတဲ့ ပုံလေးတွေကို သုံးကြည့်စေချင်ပါတယ်။
ဒီလောက်ဆို Engagement တက်စေမယ့် ပုံလေးတွေရဲ့ လျှို့ဝှက်ချက်ကိုသိလောက်ပါပြီ။ ဒီလိုတွေလုပ်ဖို့ အချိန်မရှိဘူးဆိုရင် Digital Dots ရဲ့ Social Media Management ဝန်ဆောင်မှုက သင့်ကိုစောင့်ကြိုနေပါတယ်။