General

Windows 9 အချက်အလက် အသေးစိတ် ထွက်ပေါ်လာ

အနာဂတ်တွင် ထွက်ပေါ်လာဖွယ်ရှိသည့် Windows နှင့်ပတ်သက်သော အသေးစိတ် အချက်အလက်များကို Windows နှင့် ပတ်သက်သည့် ဆက်စပ် သတင်းများ ဖော်ပြပေးသော ရုရှားဝက်ဆိုက် WZOR က ဖော်ပြခဲ့ပေးကြောင်း သိရသည်။

WZOR ၏ဖော်ပြချက်အရ အနာဂတ်တွင် ထွက်ရှိလာမည့် Windows update တွင် Start menu ပြန်လည် ပါဝင်လာ ဖွယ်ရှိသည်။ အဆိုပါ button ကို Windows 9 အသုံးပြုမည့် touchscreen နှင့် touchscreen မပါဝင်သည့် ထုတ်ကုန်များတွင် တွေ့မြင် ရဖွယ်ရှိပြီး ၎င်းကို Windows ၏ Metro interface ဖြင့်လည်း အသုံးပြုနိုင်ကြောင်း သိရသည်။

ကောလာဟလ သတင်းများအရ Windows 9 ကိုသုံးစွဲသူများ ထံသို့ free update အဖြစ် ဖြန့်ချိပေးသွားမည် ဖြစ်သော်လည်း အဆိုပါသတင်းကို အတည်မပြုနိုင်သေးကြောင်း WZOR ကဖော်ပြခဲ့သည်။ ထို့ပြင် Microsoft သည် Windows Cloud ဟုခေါ်သည့် cloud အခြေခံ operating system တစ်ခုကို စမ်းသပ် လုပ်ကိုင် နေကြောင်း WZOR ကဖော်ပြခဲ့သည်။ ၎င်း OS ကို သုံးစွဲသူများ အနေဖြင့် အစောပိုင်း Windows Starter edition များကဲ့သို့ ကို အခမဲ့ download ပြုလုပ်နိုင်ဖွယ် ရှိကြောင်း သိရသည်။ အဆိုပါ OS ကို feature များဖြင့် စုံလင်စွာ သုံးလိုပါက ဝယ်ယူ အသုံးပြုရဖွယ် ရှိကာ Internet connection လည်း လိုအပ်မည် ဖြစ်ကြောင်း WZOR က ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *