Digital Marketing, Digital Marketing Resource, General, Social Media Marketing

Digital in Myanmar 2020 | Report from Datareportal

Digital Myanmar 2020 Report

We Are Social နဲ့ Hootsuite တို့ပေါင်းပြီးထုတ်ပြန်နေကျဖြစ်တဲ့ Digital 2020 Myanmar Report လေးတော့ ထွက်လာပါပြီ။ ဒီနှစ်အတွက် Report ထဲက အရေးကြီးတဲ့ ကိန်းဂဏာန်းတစ်ချို့ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Internet users in Myanmar 2020

၂၀၂၀ ဇန်နဝါရီလအထိဆိုရင် မြန်မာနိုင်ငံမှာ အင်တာနက် အသုံးပြုသူပေါင်း ၂၂သန်းရှိနေပါပြီ။ ဒါဟာ ၂၀၁၉နဲ့ ၂၀၂၀ခုနှစ်အကြားမှာ တစ်သန်းလောက်အထိကို ထပ်တိုးလာတာပါ။ ရာခိုင်နှုန်းအားဖြင့်ဆိုရင်တော့ (+4.8%) ပါ။ မြန်မာ Internet penetration ကတော့ ၂၀၂၀ ဇန်နဝါရီလအထိဆိုရင် 41% ပါ။

Social media users in Myanmar 2020

Digital Myanmar 2020, Digital Dots Creative Agency

မြန်မာဆိုရှယ်မီဒီယာ အသုံးပြုသူအရေအတွက်ကလည်း အင်တာနက်အသုံးပြုသူပေါင်းရဲ့ အရေအတွက်နဲ့ တူတူပါပဲ။ ၂၂သန်းရှိနေပါပြီ။ ဒီတော့ အင်တာနက်သုံးသူတိုင်း Social Media သုံးတယ်လို့ အဓိပ္ပာယ်ရပါတယ်။ စီးပွားရေးသမားတိုင်း Social Media ပေါ်ကို တက်ဖို့အခွင့်ကောင်းပါပဲ။ ဆိုရှယ်မီဒီယာအသုံးပြုသူအရေအတွက်ဟာ ၁.၄သန်းအထိ ထပ်တိုးလာခဲ့ပါတယ်။ ရာခိုင်နှုန်းအားဖြင့် 6.6%ပါ။

မြန်မာ့လူကြည့်အများဆုံး Website ၅ခု

လူကြည့်အများဆုံး Website တွေရဲ့ နံပါတ်တစ်ကတော့ Google ပါပဲ။ ဒါကတော့ သိပ်မထူးဆန်းပါဘူး။ ဒါပေမယ့် Channel Myanmar ရဲ့ Traffics ကကြမ်းနေတော့ Display Ads သုံးမယ်ဆိုရင် သင့်တော်မယ်လို့ မြင်မိပါတယ်။

Data အပြည့်အစုံကိုတော့ အောက်က Slide မှာ ကြည့်လို့ရပါတယ်။

Digital in Myanmar 2020 Report

This slide is originally published here.

Digital Marketing နဲ့ပတ်သက်တဲ့ One-Stop Services တွေအတွက် Digital Dots Creative Agency ကို သတိရလိုက်ပါ။ Contact Us

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *