Email Marketing

Email Hosting လိုအပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ အားအထားရဆုံး G Suite

G Suite Email ဆိုတာက ကိုယ်ပိုင် Domain Name ( @companyname.com )နဲ့  ကျွန်တော်တို့ရင်းနှီးပြီးသားဖြစ်တဲ့ Gmail မှာ ဝင်ရောက်နိုင်ခြင်းပဲ ဖြစ်ပါတယ် ။

G Suite ကို Email Hosting လိုအပ်တဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အဓိကထားရည်ရွယ်ပါတယ် ။

2007 ခုနှစ် မှာ Free Service အနေနဲ့ စတင်မိတ်ဆက်ခဲ့ပေမဲ့ 2012 ခုနှစ်နောက်ပိုင်းမှာတော့ Paid Service အနေနဲ့ ပြောင်းလဲခဲ့ပါတယ် ။

ဒါပေမဲ့ လစဉ်ကြေး Fees အနေနဲ့ကလည်း မများလှတဲ့အတွက် Customer တွေသုံးစွဲရတာလည်း အဆင်ပြေပါတယ် ။

G Suite Account တည်ဆောက်ထားရင် Google ကနေ Domain တစ်ခု ဝယ်ထားလိုက်သလိုပါပဲ ။

ကိုယ်က Organization တစ်ခု ဒါမှမဟုတ်  Business တစ်ခုအတွက် G Suite Domain တစ်ခုဝယ်ထားလိုက်မယ်ဆိုရင် အဲ့Domain တစ်ခုနဲ့တင် ကိုယ့် Organization နဲ့ သက်ဆိုင်တဲ့ Email User Account တွေ ဆောက်ပေးလို့ရမယ် ။  Account တွေကိုလည်း Manage လုပ်လို့ရမယ် ။ အဲ့ Account တွေအတွက် ပိုက်ဆံပေးရတယ်ဆိုပေမဲ့ အခြား Service တွေထက် အရမ်းဈေးသက်သာပြီး  Google နဲ့ ပက်သက်တာတွေကို User တစ်ယောက်ချင်းစီက အသုံးပြုလို့ရပါတယ် ။

လုပ်ငန်းအချက်အလက်တွေကို တစ်နေရာတည်းမှာ စုစည်းထားနိုင်တာမို့ Business လုပ်ငန်း တွေအတွက် အတော်လေးအသုံးဝင်တဲ့ Service တစ်ခုပါ ။

Security ပိုင်းအနေနဲ့ကလည်း လုံခြုံစိတ်ချရတာမို့ လုပ်ငန်းတော်တော်များများက ဒီ Service ကို ပြောင်းသုံးလာကြပြီပဲ ဖြစ်ပါတယ်။

G Suite တစ်ခုချင်းစီမှာ  လိုအပ်သလောက် ရနိုင်တဲ့ Storage Capacity , Google Doc , Drive , Calendar , Gmail , Chat နဲ့ အခြားသော Google Service တွေ များစွာ အခမဲ့သုံးစွဲနိုင်ပါတယ် ။

လုပ်ငန်းအတွက် အကျိုးကျေးဇူးတွေ အများကြီးရရှိနိုင်မဲ့ G Suite ကို အသုံးပြုနိုင်ဖို့ ကျွန်တော်တို့ Digital Dots မှ ဝန်ဆောင်မှုပေးနေပါပြီ ။ သိရှိလိုသည်များကိုလည်း ကျွန်တော်တို့နဲ့ အခမဲ့လာရောက်ဆွေးနွေးနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *