Facebook မှာ ဘယ်လိုမျိုး Story တွေဖန်တီးနေကြလဲ?
Brand တွေအနေနဲ့ ကိုယ့်ပစ္စည်းကို ဝယ်ပါ၊ ယူပါ တစာစာနဲ့ အော်ရောင်းတဲ့ ခေတ်ကို လွန်ခဲ့ပါပြီ။ Products တွေအစား Dreams တွေ၊ Idea တွေကို ရောင်းရမယ့် အချိန်အခါသမယကို ကျရောက်လာပြီဆိုတော့ Facebook မှာ Business Story တွေချပြဖို့ အတွက် Ad Format လေးတွေကို မျှဝေလိုက်ပါတယ်။
Photo
Photo Ads တွေကတော့ လူသုံးအများဆုံးနဲ့ သိပ်ခေါင်းမစားတဲ့ ပုံစံပါပဲ။ ရိုးရှင်းပြီး အရည်အသွေးကောင်းတဲ့ ပုံလေးကို ထိမိတဲ့ ကြော်ငြာစာသားလေးနဲ့ တွဲတင်ဖို့ မမေ့နဲ့နော်။

Video
Video တွေက Engaged ပိုဖြစ်ပြီး လူကြိုက်များပါတယ်။ ကိုယ့် Brand ရဲ့ Story ကို အသံတွေ၊ အရုပ်တွေ၊ လှုပ်ရှားမှုတွေနဲ့ သေချာလေးတင်ဆက်လိုက်ပါ။
Alvaascé – Myanmar
Alvaascé – Myanmar added a cover video.
Stories
Stories တွေကိုသုံးမယ်ဆိုရင်တော့ ထိထိမိမိဖြစ်ဖို့ လိုမယ်နော်။

Messenger ads
လူတွေနဲ့ Conversations တွေအစပြုဖို့ Messenger ads တွေက ကူညီပေးနိုင်ပါတယ်။

Canvas ads
Canvas ads တွေက Audience တွေရဲ့ attention ကို ပိုပြီးဆွဲဆောင်နိုင်ပါတယ်။ Instant Experience နဲ့ဆိုရင် Videos တွေ၊ စာသားတွေ၊ ပုံတွေကို တစ်နေရာတည်းမှာ စုပြီး ပြလို့ရပါတယ်။ ကောင်းကောင်းအသုံးချတတ်ရင် အကျိုးရှိပါတယ်။

Carousel
Carousel Ads တွေကတော့ သင့် Product တွေကို Showcase လိုမျိုးပြနိုင်သလို၊ Story Telling ပုံစံလည်း လုပ်လို့ရပါတယ်။
ပုံတိုင်းမှာ သက်ဆိုင်တဲ့ Link တွေကို ပြန်ထည့်လို့ရလို့ Website ရှိတဲ့ သူတွေသုံးသင့်ပါတယ်။

Slideshow
Slideshow Video Ads တွေကလည်း သင့် Brand အတွက် Story Telling လုပ်ဖို့ အထောက်အကူပြုပါတယ်။
A-Best Tour Outbound
ဒီဇင်ဘာလထဲ ဘန်ကောက်ကိုဈေးသက်သက်သာသာနဲ့လိုက်ပို့မယ်ဆိုရင် စိတ်ဆိုးမှာလား ??? A Best Tourရဲ့ ဘန်ကောက်-ပတ္တရား ၃ညအိပ် ၄ရက် ခရီးစဉ်လေးကို ဒီဇင်ဘာ ၂၆ ရက်နေ့မှာ စတင်ထွက်ခွာမှာဖြစ်ပြီး ဒီဇင်ဘာ ၂၉ရက်နေ့မှာ…
Collection Ads
Collection Ads တွေနဲ့ ဆိုရင် ဝယ်ယူသူတွေဟာ Products တွေကို Catalogue လိုမျိုး ရွေးပြီး ကြည့်နိုင်ပြီလေ။

Playable Ads
Playable Ads တွေကတော့ Game Company တွေမှာ အသုံးများပါတယ်။ App ကို Download မလုပ်ခင်မှာ အစမ်းကစားရတာပါ။ မဝယ်ခင် စမ်းသုံးလို့ရတော့
Audiences အကြိုက်ပေ့ါ။
