ထိရောက်တဲ့ Text Ads ဖြစ်အောင် ဒီအချက်တွေကိုဆောင်

ဝယ်ယူနိုင်ချေရှိတဲ့ စားသုံးသူတွေထံကို ရဖို့ဆိုရင် သင့်ရဲ့ Text Ads တွေက တိကျဖို့၊ တစ်ခုခုလုပ်ဆောင်နိုင်ရန်တိုက်တွန်း ဖို့နဲ့ ဆီလျော်ဖို့လိုပါတယ်။ ဆရာ့ဆရာများ လုပ်လေ့ရှိတဲ့ ဥပမာလေးတွေကို ကြည့်လိုက်ရအောင်….
သူများတွေထက်သာတဲ့ အချက်ကို အလေးပေးဖော်ပြပါ။

စားသုံးသူတွေကို ဘာကြောင့် သင့်ကို ရွေးချယ်သင့်တယ်ဆိုတာဖော်ပြနိုင်ပါစေ။
Call to action ထည့်ပါ။

Call to action မပါတဲ့ ကြော်ငြာဟာ ဆားမပါတဲ့ ဟင်းလိုပါပဲ။ သင့်ကြော်ငြာကို နှိပ်လိုက်ရင် ဖြစ်လာမယ့် ကောင်းကျိုးတွေကို Description ရေးတဲ့အခါ ထည့်ရေးပေးပါ။ ပြီးရင် ကြော်ငြာကို Link မှန်ကန်စွာ ချိတ်ပေးလိုက်ပါ။
Keywords တွေနဲ့ ကိုက်ညီပါစေ။

တွေ့သမျှ Keywords တွေအကုန်လုံးကို Target မထားပါနဲ့။ ယုန်တောင်ပြေး၊ ခွေးမြောက်လိုက်ဖြစ်နေနိုင်ပါတယ်။ ဘယ်လိုလူမျိုးတွေက သင့်ပစ္စည်းကို ရှာနိုင်လဲဆိုတာ ကြိုပြီး စဉ်းစားပါ။ အဲ့ဒီ Keyword တွေကို ကြော်ငြာစာသားထဲမှာ ထည့်ရေးပါ။
မှန်ကန်တဲ့ Landing Page ကိုရောက်ပါစေ။

ပုံမှာပြထားတဲ့ ကြော်ငြာက တစ်မျိုး၊ ကြော်ငြာကိုနှိပ်လိုက်တဲ့အခါ ရောက်သွားတဲ့ Link ကတစ်မျိုး ဖြစ်လို့မရပါဘူး။ မှန်မှန်ကန်ကန်တွဲပေးပါ။ Landing Page ကို Mobile မှာ Responsive ဖြစ်အောင် လုပ်ဖို့လဲ မမေ့နဲ့နော်။
ဒီလို ထိရောက်တဲ့ Text Ads တွေနဲ့ PPC Campaign လုပ်ဖို့ စဉ်းစားနေပြီဆိုရင်တော့ Digital Dots ကအကောင်းဆုံးပါလို့ပဲ ကိုယ့် ဘက်ကိုယ်ယက်ပြီး ပြောပါရစေ။