Messenger ဟာ Conversational Marketing လုပ်ဖို့၊ Lead တွေ ဖမ်းဖို့ နဲ့ Customer Service တွေပေးဖို့ အကောင်းဆုံးနေရာဖြစ်နေရတဲ့ အကြောင်းအရင်းက ဒီ ကိန်းဂဏာန်းတွေပါပဲ။ ဉာဏ်နဲ့ ယှဉ်သုံးပြီး အကြမ်းစား Marketing Strategy တွေဖန်တီးနိုင်ကြပါစေ။

ဒီ Data တွေက Messenger က တရားဝင်ထုတ်ပြန်ထားတဲ့ Data တွေပဲဖြစ်ပါတယ်။ နောက်ပြီး ဒီ အချက်အလက်တွေက ကမ္ဘာတစ်ဝှမ်းက အသုံးပြုသူတွေကို ဆိုလိုတာဖြစ်ပါတယ်။

ဒါဆို မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ Data တွေကကောလို့ သင်မေးချင်နေပြီထင်တယ်။ မပူပါနဲ့။ အောက်မှာ ဆက်ဖတ်ကြည့်ပါ။

၂၀၁၉ နိုဝင်ဘာလအထိ ရထားတဲ့ ကိန်းဂဏာန်းအရ မြန်မာနိုင်ငံမှာ Messenger အသုံးပြုသူ စုစုပေါင်း 10 813 000 ယောက်ရှိနေပြီး ဒါဟာ တစ်နိုင်ငံလုံးက လူဦးရေရဲ့ 19.7% ဖြစ်ပါတယ်။ Messenger အသုံးပြုတဲ့ မြန်မာနိုင်ငံသားအများစုကတော့ ယောကျာ်းလေးတွေပါ။ စုစုပေါင်း 58.7% ရှိပါတယ်။ အသက် 25 ကနေ 34 အတွင်း ရှိတဲ့ လူဦးရေ (4 300 000)လောက်က Messenger ကို အများဆုံး အသုံးပြုကြပါတယ်။