Digital Marketing, Website Optimisation

Blog ရေးတဲ့အခါ မှားလေ့ရှိတဲ့ အမှား ၆ခု

blog-writing-website-digital-dots-in-yangon

Blog ရေးတဲ့အခါ မှားလေ့ရှိတဲ့ အမှား ၆ခု

blog-writing-website-digital-dots-in-yangonစာလုံးအသေးတွေသုံးခြင်း

စာလုံးဖောင့်သေးလွန်းတာ၊ ဖောင့်စတိုင် ခပ်ရှုပ်ရှုပ်တွေသုံးတာက စာဖတ်ရတာကို ခက်စေပါတယ်။ သင်ရေးထားတဲ့ စာတွေကို လူတွေဖတ်လို့မရရင် သင့်ပစ္စည်းကို ဝယ်ဖို့ ဆွဲဆောင်ဖို့ ခက်ပါလိမ့်မယ်။

စာပိုဒ်မခြားခြင်း

စာတွေကို အပြွတ်လိုက်ကြီးတင်ထားမယ်ဆိုရင် စာဖတ်တဲ့သူတွေက ချက်ချင်း ပြန်ထွက်သွားကြမှာပါ။ ဒါက Bounce Rate ကိုလည်း များစေပါတယ်။ စာပိုဒ်လေးတစ်ပိုဒ်နဲ့ တစ်ပိုဒ်အကြား Space လေးတွေခြားပြီး ရေးပေးမှ စာဖတ်ရတာ အဆင်ပြေမှာပါ။

Bullet Points လေးတွေ မသုံးခြင်း

အရေးကြီးတဲ့ အချက်လေးတွေ၊ စာရင်းလေးတွေဆိုရင် Bullet လေးတွေနဲ့ ရေးပေးတာက စာဖတ်သူကို ပိုအဆင်ပြေစေပါတယ်။

Stock ပုံတွေကို မဝယ်ဘဲ သုံးခြင်း

Stock ပုံတွေကို မဝယ်ဘဲ သုံးရင် ဓာတ်ပုံပေါ်မှာ ရေစာတွေ ပါနေမှာပါ။ အဲ့အစားအခမဲ့ ရတဲ့ ဓာတ်ပုံ site က ပုံတွေကို သုံးပါ။ ကိုယ်ပိုင်ရိုက်ထားတဲ့ အရည်အသွေးမြင့်ပုံတွေ သုံးတာကတော့ အန္တရာယ်ကင်းတာပေ့ါ။

Media သိပ်မပါခြင်း

သင့်ဆောင်းပါးက ပုံလည်းဝေဝေ ဆာဆာမပါ၊ ဗီဒီယိုတွေလည်း Embbed မလုပ်ထား၊ Chart တွေ၊ Graphတွေလည်းမပါဘဲ စာပိုဒ်ကြီး တွေပဲ ဆိုရင် စာဖတ်သူတွေကို ဆွဲဆောင်နိုင်မှာ မဟုတ်ပါဘူး။

Font တွေဖတ်မရခြင်း

မြန်မာနိုင်ငံမှာ Zawgyi နဲ့ Unicode ဆိုပြီး နှစ်မျိုးကွဲနေတော့ Blog ရေးရင် သတိထားဖို့လိုပါတယ်။ Zawgyi ကော Unicode ပါ နှစ်မျိုးရေးပြီးထည့်ပေးလို့ရသလို Font ကို Website မှာ တစ်ခါတည်း ထည့်ထားတာမျိုးလုပ်ရင်တော့ စာဖတ်သူတွေ ဘယ် စနစ်သုံးသုံး အဆင်ပြေပါတယ်။ ဒါမှမဟုတ် Font Converter ကိုသုံးပါ။ စာဖတ်သူတွေက အဆင်ပြေတဲ့ Font ကိုရွေးပြီး ဖတ်ကြပါလိမ့်မယ်။

Leave a Reply

Your email address will not be published. Required fields are marked *