ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ Logo တစ်ခု တစ်သောင်းဆိုတဲ့ ကြော်ငြာတွေမြင်ဖူးမှာပါ။ အဲ့လိုကြော်ငြာတွေကို သဘောကျသူဆိုရင်တော့ ဒီ ပို့စ်ကို ကြော်သွားပေးပါ။
စီးပွားရေးလုပ်ငန်းတစ်ခုကို ထူထောင်တော့မယ်ဆိုရင် Logo က အသက်တမျှအရေးကြီးပါတယ်။
ဒီလို ကိုယ့်လုပ်ငန်းအတွက် ဦးထိပ်ထားရမယ့် Logo ကို ဈေးသက်သာရင် ပြီးရော၊ Logo ဒီဇိုင်းဖြစ်ရင်ပြီးရောဆိုပြီး အလွယ်လမ်းမလိုက်ပါနဲ့။
သင့် Logoက သင့် Brand ကို အောင်မြင်တဲ့နေရာတစ်ခုရောက်အောင် တွန်းတင်ပေးနိုင်စွမ်းရှိပါတယ်။ ဘာလို့လဲဆိုတော့
“A strong logo is the beginning of your company’s branding and conveys your business’s vision.”

Grabs Attention
ဒီဘက်ခေတ်မှာ လူတွေဆီက Attention ရဖို့ဆိုတာ အတော်မလွယ်တဲ့ကိစ္စပါ။
အဲ့လိုဖြစ်နေတဲ့အချိန်မှာ သင့် Logo ကများ Fail နေရင်တော့ ဆက်ပြီး လုပ်ငန်းလုပ်ဖို့ မစဉ်းစားတာအဆင်ပြေပါတယ်။
လူတွေကလည်း သင့်ထုတ်ကုန်ကို မသုံးစွဲခင် အရင်ဆုံး သင့် Logo ကိုကြည့်မှာပါ။ ဒီတော့ ကိုယ့်ဘက်က Logo ကောင်းကောင်းတစ်ခု ပိုင်ဆိုင်ထားဖို့ သိပ်အရေးကြီးတာပေ့ါ။
“Most viewers take less than three seconds to scan a full web-page and form their first impressions.
The next thing they look for? A company’s logo.”

First Impression ကောင်းကောင်းရှိစေတယ်
သင့်အတွက် အခွင့်အရေးက နှစ်ခါမလာပါဘူး။ ဒါကြောင့် First Impression မှာကတည်းက လူတွေကို ဝယ်ချင်လာအောင် လုပ်ဖို့လိုပါတယ်။
ဒီဇိုင်းကောင်းကောင်းလုပ်ထားမယ်ဆိုရင် လူတွေရဲ့ စိတ်ဝင်စားမှုကိုရမှာ အသေအချာပါပဲ။သင့် Logo က သင့်လုပ်ငန်းရဲ့ Professional ဆန်မှုကို ချပြနေပါလိမ့်မယ်။
သင့် Brand Identity အတွက် အခြေခံ
အောင်မြင်တဲ့ Brandတွေဟာ လူတွေရဲ့ စိတ်ခံစားချက်ကို လှုပ်ကိုင်နိုင်စွမ်းရှိပါတယ်။
အဲ့လို လူတွေရဲ့ စိတ်ခံစားချက်ကို ထိတွေ့ရာမှာ Logo Design ကလည်း တစ်စိတ်တစ်ပိုင်းပါဝင်ပြီး
Brand တစ်ခုကိုတည်ဆောက်ဖို့ Foundation လို့ပြောနိုင်ပါတယ်။ Logo ရဲ့ Colors, Tones, Fonts တွေက သင်ပေးချင်တဲ့ Message တွေ၊ Story တွေနဲ့ ကိုက်ညီမှုရှိရပါမယ်။
Visual = Memorable
Logo တွေဟာ သင့် Brand ကို မှတ်မိစေမယ့် သင်္ကေတပါ။
Logo ကိုမြင်ယုံနဲ့ ဒီ Company က ဘာတွေလုပ်တယ် ဘယ်လိုရပ်တည်တယ်နဲ့ သူတို့ကို ဘယ်လို အကျိုးပြုတယ်ဆိုတာ တန်းသိစေပါတယ်။
လူတွေက သင့် Company Name ကို မေ့သွားနိုင်ပါတယ်။ ဒါပေမယ့် သင့် Logo ကိုတော့မှတ်မိနေကြမှာပါ။
ပြိုင်ဘက်တွေကြားမှာ ထင်ပေါ်စေတယ်။
တကယ်လို့ သင့်မြို့မှာ စိန်ရွှေရတနာဆိုင် ၁ဝဆိုင်လောက်ရှိတယ်ဆိုပါစို့။
သင့်ရဲ့ Logo က လူတွေပိုပြီး သတိထားမိစေမယ့် ပုံစံ၊ အရောင်နဲ့ သင်္ကေတတွေကို အသုံးပြုထားမယ်ဆိုရင် ဆိုင်မှာ လူပိုများအောင် ဆွဲဆောင်နိုင်ပါတယ်။
ဥပမာ ရွှေဘုံစံဆိုတဲ့ စိန်ရွှေရတနာဆိုင်ပါ။ ရွှေဘုံစံဟာ ကောင်းမွန်တဲ့ Logo တစ်ခုကို ပိုင်ဆိုင်ထားတာမို့ Social Media မှာ Branding လုပ်တဲ့အခါ အခြားသူတွေထက် သာလွန်ကောင်းမွန်နေတာတွေကို တွေ့နိုင်ပါတယ်။
Brand Loyalty
သင့်လုပ်ငန်းအောင်မြင်လာတာနဲ့အမျှ Logo ကလည်း လူတွေနဲ့ ပိုပိုပြီး ရင်းနှီးလာပါလိ့မ်မယ်။ အဲ့ဒီလို ရင်းနှီးလာတာကပဲ သင့်လုပ်ငန်းအပေါ် ယုံကြည်မှု၊ သင့်အမှတ်တံဆိပ်အပေါ် ယုံကြည်မှုတွေ ဖြစ်လာစေပါတယ်။
ဥပမာဆိုရသော် ဈေးဝယ်ထွက်တဲ့အခါ Nike အမှတ်တံဆိပ်ကို မြင်လိုက်တာနဲ့ Quality ပိုင်းမှာ ထူးထူးခြားခြား မေးမြန်းစရာမလိုတော့ဘဲ တန်းဝယ်ပါလိမ့်မယ်။ ( ပိုက်ဆံပါရင်ပေါ့။ )
ဒါက သင့် Brand နဲ့ ဝယ်ယူသူကြားမှာ Logo ကောင်းကောင်း အသုံးပြုပြီး ယုံကြည်မှုကို တည်ဆောက်ထားတာပါ။ (ဝန်ဆောင်မှုကောင်းဖို့လည်း လိုတာပေ့ါလေ)
ဒီလောက်ဆို Logo တစ်ခုက သင့်Brand အတွက် ဘယ်လောက် အရေးကြီးတယ်ဆိုတာ သိသွားလောက်ပါပြီ။
Professional ကျတဲ့ Logo တစ်ခု ရေးဆွဲဖို့ စဉ်းစားနေပြီဆိုရင်တော့ Digital Dots Creative Agency ကို အခုပဲ ဆက်သွယ်လိုက်ပါတော့နော်။